About Dr.Phone Academy
This Is How Our Story Began
Dr.Phone ဖုန်းပြုပြင်သင်တန်း မဖြစ်ပေါ် လာခင် ယခု လက်ရှိ Founder က အရင် က တခြား သင်တန်းများစွာမှာသင်တန်းပြပေးတဲ့ Trainer တစ်ယောက်ပေါ့ ,သင်တန်းတွေရဲ့ သားတွေ တတ်မြောက်မှုနှုန်းကို စစ်ဆေးတဲ့ အခါ မှာ တော်တော်လေး အားနည်းတာတွေ့ ရှိတာ ဖြစ်တဲ့ အတွက် စစ်တမ်းကောက် ယူတဲ့ အခါ အဓိက အချက် သုံးချက် တွေ့ ရှိခဲ့ပါတယ်။ အဲတာတွေကတော့ နံပါတ် (၁) လက်တွေ့ပိုင်းအားနည်းချက်,နံပါတ် (၂) ကျောင်းသားတွေ တစ်ယောက်ချင်းဆီအလိုက်ဂရုစိုက်မှုအားနည်းချက်,နံပါတ် (၃) Self Study အားနည်းချက်, စတဲ့ အားနည်းချက်တွေ ကို တွေ့ ခဲ့ရပါတယ်။သင်ယူထားတဲ့ပညာတွေကို လက်တွေ့သုံးချဖို့ အချိန်သီးသန့်ပေးမထားဘူးဆိုရင်တတ်မြောက်မှုအားနည်းပါတယ်,အဲအတွက် အဖြေက On Job ပါ,တခါတလေကျရင် ကျောင်းသားတွေမှာ စိတ်ဓာတ်ကျတာရှိမယ်,မလိုက်နိုင်တတွေ ရှိမယ်,စာကို အာရုံ မရှိတာတွေ ရှိမယ်၊လူဦးရေ အရမ်းများနေရင် တစ်ယောက်ချင်းစီ သေချာ မကြည့်ပေးနိင်ဘူး, အဲ့အတွက် အဖြေက လူဦးရေ ကန့်သတ်ပြီး သေချာဂရုစိုက်တာပဲ။သင်ယူပြီးသားစာတွေကို ပြန်လည် ကြည့်ရှု လေ့လာရမယ့် Self Study အချိန်ဆိုတာ ရှိပါတယ်,ဒါပေမဲ့ ကျွန်တောာ်တို့တွေ ဟာ သူငယ်တန်းကတည်း ကျောင်းစာပြီးရင်, အဲဒီကျောင်းစာအတွက် , ကျူရှင်တွေ , Guide တွေ ,နဲ့ Self Study အချိန်ကုန်ဆုံးပါတယ်။အဲဒီ အကျင့် က ကူးစက်နေတော့ Self Study ကိုယ်တိုင်လုပ်ရမယ် ဆိုတာနဲ့ သူတို့ကို သေချာပြ ပေးမဲ့သူ မရှိ ရင် မလုပ်ကြတော့ဘူး, အဲ့အတွက် အဖြေက Self Study လုပ်တဲ့ အချိန် Guideline သေချာ ချပြီး သင်တန်းက ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ပဲ။အဲဒီ အားနည်းချက် အချက် သုံး ကို တွေ့ ရှိခဲ့ ပြီး ဖြေရှင်းနိုင်တဲ့ Solutions တွေ နဲ့ အတူ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ပြီး အလုပ်အကိုင် အခွင့်လမ်းတွေ ရရှိရမယ် ဆိုတဲ့ ရည်ရွက်ချက် နဲ့ ကျွန်တော်တို့တွေ ရဲ့ Dr.Phone ဖုန်းပြုပြင်သင်တန်း စတင် ဖြစ်ပေါ်လာခဲ့တာပဲ ဖြစ် ပါတယ်။